ပရဟိတဟူသည်...
ပရဟိတ (Philanthropy) ဆိုသော ဝေါဟာရသည် "လူထုကို ချစ်သော" ဟု..တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှု့အတွက် ရင်းနှီးမြှုပ်နှံမှုဟု ပြန်ဆိုပါသည်။ အများပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်းပင် ဖြစ်သည်။
ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုး ကို ဆောင် ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့် မဖြစ်နိုင်သည့်အတွက် ဖြစ်သည်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ပရဟိတလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ပုဂ္ဂိုလ် ၄ ယောက်...
ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊
ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊
ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊
ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊
(အထက်ပါလေးဦးတွင်အားလုံးဖြစ်လိုသော/ဖြစ်ချင်သောလူသား တစ်မျိုးတည်းသာ ရှိမည်ထင်ပါသည်။)
ကမ္ဘာကြီးထဲရှိ လူသား သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုလျှင်
ဤလေးမျိုးသာ ရကြောင်းမြတ်ဗုဒ္ဓကဟောပြတော်မူပါသည်။
ထို လေးဦးထဲတွင် ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတ လည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူခဲ့ပါသည်။
No comments:
Post a Comment